Tuesday, January 7, 2014

Shining San at Chin State

ဒေါ်အောင်ဆန်းစုကြည်သည် ဇန်န၀ါရီ ၈ ရက်တွင် ဖလမ်းမြို့၌ လည်းကောင်း၊
၉ ရက်တွင် ဟားခါး၌ လည်းကောင်း၊ ၁၀ ရက်တွင် ကလေးမြို့၌ လည်းကောင်း လူထုဟောပြောပွဲ ပြုလုပ်မည်ဖြစ်ကြောင်း

ဒေါ်အောင်ဆန်းစုကြည် ချင်းပြည်နယ် ရောက်ရှိ
**********************************
ဧရာဝတီ၊ ဇန်န၀ါရီ ၇၊ ၂၀၁၄

NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ဟောပြောပွဲများ ပြုလုပ်ရန်၊ လူထုနှင့်တွေ့ဆုံရန် ရည်ရွယ်လျက် ချင်းပြည်နယ် ခရီးစဉ်ကို ဇန်န၀ါရီ ၆ ရက်မှ ၁၀ ရက်နေ့ထိ သွားရောက်လျက်ရှိရာ ကလေးမြို့သို့ ယမန်နေ့က ရောက်ရှိကြောင်း သိရသည်။ ယနေ့ညနေ ၄ နာရီတွင် တီးတိန်မြို့တွင် လူထုဟောပြောပွဲ ပြုလုပ်မည် ဖြစ်သည်။ ၎င်းသည် ဇန်န၀ါရီ ၈ ရက်တွင် ဖလမ်းမြို့၌ လည်းကောင်း၊ ၉ ရက်တွင် ဟားခါး၌ လည်းကောင်း၊ ၁၀ ရက်တွင် ကလေးမြို့၌ လည်းကောင်း လူထုဟောပြောပွဲ ပြုလုပ်မည်ဖြစ်ကြောင်း သတင်းများအရ သိရသည်။

Monday, January 6, 2014

ဒေါ်အောင်ဆန်းစုကြည်၏ ကလေးခရီးစဉ်

ဒေါ်အောင်ဆန်းစုကြည်၏ ကလေးခရီးစဉ်အား ကြိုဆိုနေသော ကလေးပြည်သူလူထုကို ဇန်နဝါရီလ ၆ရက် နေ့လည်ပိုင်း ကတွေ့ရစဉ်။ (ဓာတ်ပုံ- ဟောင်ဆာ၊ ရာမည) ဒေါ်အောင်ဆန်းစုကြည်သည် ချင်းပြည်နယ်သို့ ဇန်နဝါရီ ၇ ရက်မှ ၉ ရက်အထိ သွားရောက်ရန် စီစဉ်ထားပြီး တီးတိန်မြို့နယ်၊ ဖလမ်းမြို့ နယ်များတွင် အခြေခံဥပဒေဆိုင်ရာ ဟောပြောပွဲပြုလုပ်မည်ဖြစ်သည်။

Tuesday, January 1, 2013

ဒေါ်အောင်ဆန်းစုကြည် ၏ ၂၀၁၃ ခုနှစ်...နှစ်သစ်ဆုတောင်း စကား..

ဒေါ်အောင်ဆန်းစုကြည် ၏ ၂၀၁၃ ခုနှစ်...နှစ်သစ်ဆုတောင်း စကား......

"၂၀၁၃ ခုနှစ် တိုင်းပြည်အတွက် ဆုတောင်းတယ်ဆိုတာ တကယ်တော့ ပြည်သူတွေ အတွက်ပဲဖြစ်ရမှာပါ...။ ပြည်သူတွေ အရည်အချင်း တိုးတက်လာဖို့ ၊ ပြည်သူတွေဟာတကယ့်ကို ဒီမိုကရေစီနိုင်ငံရဲ့ နိုင်ငံသူ နိုင်ငံသားများ ပီပီ လုပ်နိုင် ကိုင်နိုင် တွေးနိုင်ခေါ်နိုင် ပြောနိုင်ဆိုနိုင်ဖို့ အဲ့ဒီဟာက အရေးကြီးဆုံး ဆုတောင်းလို့ ကျမ ထင်ပါတယ်..။ နိုင်ငံတစ်နိုင်ငံရဲ့ တကယ့် အနှ...စ်သာရဟာ နိုင်ငံသူ နိုင်ငံသားတွေပါ..။ နိုင်ငံသူ နိုင်ငံသားတွေ အရည်အချင်းရှိမှ နိုင်ငံလည်းတိုးတက်မယ်..၊ နိုင်ငံလည်းအဆင့်ရှိမယ်..။ ဒါကြောင့်မို့ ကျမရဲ့ နှစ်သစ်ကူး ဆုတောင်းလေးကတော့ အင်မတန်မှ ရိုးသားပါတယ်..။ ကျမတို့ပြည်သူပြည်သားများ တစ်နေ့ထက် တစ်နေ့ အရည်အချင်းတွေ ပိုတိုးတက်နိုင်ပါစေ။ ကိုယ့်ရဲ့ တာဝန်တွေကို ကိုယ်သိသိနဲ့ ကိုယ့်ရသင့် ရထိုက်တဲ့အခွင့်အရေးတွေ အတွက်လုပ်ရဲ ကိုင်ရဲပါစေလို့ ကျမအနေနဲ့ ဆုတောင်းမေတ္တာပို့လိုက်ပါတယ်...။ ကျေးဇူးတင်ပါတယ်..."

Tuesday, March 20, 2012

Do you know who she is?

All people of Burma know her.
All people of Burma love her.
All people of Burma believe her.
All people of Burma support her.
She is our national leader and image of Burma.