၉ ရက်တွင် ဟားခါး၌ လည်းကောင်း၊ ၁၀ ရက်တွင် ကလေးမြို့၌ လည်းကောင်း လူထုဟောပြောပွဲ ပြုလုပ်မည်ဖြစ်ကြောင်း
ဒေါ်အောင်ဆန်းစုကြည် ချင်းပြည်နယ် ရောက်ရှိ
**************************
ဧရာဝတီ၊ ဇန်န၀ါရီ ၇၊ ၂၀၁၄
NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ဟောပြောပွဲများ ပြုလုပ်ရန်၊ လူထုနှင့်တွေ့ဆုံရန် ရည်ရွယ်လျက် ချင်းပြည်နယ် ခရီးစဉ်ကို ဇန်န၀ါရီ ၆ ရက်မှ ၁၀ ရက်နေ့ထိ သွားရောက်လျက်ရှိရာ ကလေးမြို့သို့ ယမန်နေ့က ရောက်ရှိကြောင်း သိရသည်။ ယနေ့ညနေ ၄ နာရီတွင် တီးတိန်မြို့တွင် လူထုဟောပြောပွဲ ပြုလုပ်မည် ဖြစ်သည်။ ၎င်းသည် ဇန်န၀ါရီ ၈ ရက်တွင် ဖလမ်းမြို့၌ လည်းကောင်း၊ ၉ ရက်တွင် ဟားခါး၌ လည်းကောင်း၊ ၁၀ ရက်တွင် ကလေးမြို့၌ လည်းကောင်း လူထုဟောပြောပွဲ ပြုလုပ်မည်ဖြစ်ကြောင်း သတင်းများအရ သိရသည်။
No comments:
Post a Comment